တောင်ငူဆေးရုံကြီးတွင် ဆေးရုံတတ်နေသည့် အမျိုးသား ၁ ဦးသတ်သေ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးဖျားနာဆောင်မှာ ဧပြီလ ၂၀ ရက် နေ့လယ်ပိုင်းက ဆေးရုံတတ်နေတဲ့ အမျိုးသားတဦး မိမိကိုယ်ကိုသတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တီဘီရောဂါဖြစ်ပွားနေတာကြောင့် ဆေးရုံတက်ရောက်ပြီး ဆေးဝါးကုသမှုခံယူနေတဲ့ ထန်းတပင်မြို့နယ်၊ ဒိုးသော င်ကျေး ရွာအုပ်စု၊ ရွှေမင်းဝံကျေးရွာက ဦးမောင်မြင့် ၃၉ နှစ်ဟာ အရိုးအသွား ၈ လက်မလောက်ရှိတဲ့ ဓားနဲ့ မိမိဝမ်းဗိုက်ကို လေးချ က်လောက် ထိုးသွင်းခဲ့တာကြောင့် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဆေးရုံတာဝန်ကျသူ တဦးက“ဆေးရုံတက်နေတာက လွန်ခဲ့တဲ့ ၁ လလောက်ကတည်းက တီဘီရောဂါဖြစ်လို့ဆိုပြီး ဖျား နာဆောင်မှာ တတ်နေတာ။ နေ့လယ် ၂ နာရီခွဲလောက်က သူ့မိန်းမ မဖြူဝင်း ၂၇ နှစ်က အိပ်ပျော်နေရာမှနိုးလာ တဲ့အ ချိန်မှာ ယောက်ျားဖြစ်သူကို သွေးတွေနဲ့ ကုတင်ပေါ်မှာတွေ့တာကြောင့် တာဝန်ကျဆရာဝန်ကို သွားရောက်အကြော င်း ကြားခဲ့ပြီး ဆေးဝါးကုသပေးနေစဉ် မွန်းလွဲ ၃ နာရီခွဲမှာ သေဆုံးသွားခဲ့တာကြောင့် တောင်ငူမြို့မရဲစခန်းကို အကြောင်း ကြားခဲ့တာဖြစ်တယ်။” လို့ ပြောပါတယ်။
သေဆုံးမှုကို တောင်ငူမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးအောင်ဝင်းထွေးက စစ်ဆေးနေပြီး သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၇) နဲ့ အမှုဖွင့်ထားပါတယ်။
သားကြီး(တောင်ငူ)
Credit to DVB