ပဲခူး၊ ရွှေစေတီဘုရားလမ်းတွင် ဓါးထိုးမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

ပဲခူးမြို့မှာ ဧပြီ(၁၃)ရက် ည(၁၀)နာရီခွဲအချိန်က မဇင်းရပ်ကွက်၊ အိုးလေးစု၊ ရွှေစေတီဘုရားလမ်းမှာ လမ်းသူ လမ်းသားအချင်းချင်း စကားများရာကနေ ဓားထိုးမှုဖြစ်ပွားပြီး အသက်(၅၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အခင်း ဖြစ်ပွားရာနေရာမှာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

 ဖြစ်စဉ်မှာ ဧပြီ(၁၃)ရက် ည(၁၀)နာရီခွဲအချိန်က ရွှေစေတီဘုရားလမ်းမှာနေထိုင်သူ အသက်(၂၈)နှစ်အရွယ်ရှိ ဇင်ဘိုဘိုနိုင်ဟာ ဒေါ်ဌေးဌေးနိုင်နေအိမ်ရှေ့မှာ မူးယစ်ဆဲဆိုခဲ့ရာက အချင်းများခဲ့ကြပြီး ဇင်ဘိုဘိုနိုင်က အရိုးအသွားအရှည်(၁၀)လက်မရှိတဲ့ဓါးနဲ့ ဒေါ်ဌေးဌေးနိုင်ကို ထိုးလိုက်တာကြောင့် ဝမ်းဗိုက်ဓါးဒဏ်ရာနဲ့ အသက်ဆုံးရှုံးခဲ့တာဖြစ်တယ်လို့ ပဲခူးမြို့အမှတ်(၂)နယ်မြေရဲစခန်းရဲမှတ်တမ်းများအရ သိရပါတယ်။

လူသတ်မှုကျူးလွန်သူဇင်ဘိုဘိုနိုင်ဟာထွက်ပြေးတိမ်းရှောင်သွားရာမှဧပြီ(၁၄)ရက်နေ့လယ်ပိုင်းမှာပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးမှာဆေးကုသမှုခံယူနေကြောင်းဆေးရုံတာဝန်ရှိသူတွေနဲ့ပတ်ဝန်းကျင်မှသတင်းပေးချက်အရပဲခူးမြို့အမှတ်(၂)ရဲစခန်းတာဝန်ရှိသူတွေကသွားရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

လက်ရှိပဲခူးမြို့၊အမှတ်(၂)နယ်မြေရဲစခန်းက ဓားနဲ့ထိုးသူ ဦးဇင်ဘိုဘိုနိုင်ကို ပုဒ်မ(၃၀၂)ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒီသတင်းကို ပဲခူးဗျူရိုက အောင်စည်သူဖြိုး ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
Powered by Blogger.